၂၀၀၉ ခုနှစ်တွင် Myanmar Positive Group (MPG) မှဦီးဆောင်ပြုလုပ်သော Forum ၌ HIV ကူးစက်ခံထားရသူ အမျိုးသမီးလိင်လုပ်သား (၆) ဦး၊ ၂၀၁၀ ခုနှစ်တွင် Myanmar Positive Group (MPG) မှဦးဆောင်ပြုလုပ်သော Forum ၌ HIV ကူးစက်ခံထားရသူ အမျိုးသမီးလိင်လုပ်သား (၁၅) ဦးတို့သည် လိင်လုပ်သားအမျိုးသမီးများ၏ ဘဝရပ်တည်မှု၊ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ပြဿနာများကို ပါဝင်ဆွေးနွေးခွင့်ရခဲ့ပြီး ပုံမှန်ချိတ်ဆက်ထားရှိသော ကွန်ရက်တစ်ခုဖြစ်ပေါ်လာစေရန် ဦးဆောင်ပုံဖော်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ပျိုးပင်၏ ရံပုံငွေ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသ (၁၀) ခုမှ လိင်လုပ်သားအမျိုးသမီး (၃၅)ဦးက ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။