အဓိက လုပ်ဆောင်လျက်ရှိသည့် အခန်းကဏ္ဍများ

- ၁၉၄၉ ခုနှစ်တွင် ပြဌာန်းခဲ့သော ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအား လိင်လုပ်သားများအပေါ် အကာအကွယ်ပေးသည့် ဥပဒေတစ်ရပ်အဖြစ် ရေးဆွဲပြဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများမှတဆင့် ဥပဒေပြုအဖွဲ့များထံသို့ အသိပေးအရေးဆိုတင်ပြခြင်း။
- အသိပေးအရေးဆို တင်ပြခြင်းလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေရန်အတွက် သက်သေအထောက်အထားဖြစ်စေမည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များ၊ မတရား ဖမ်းဆီးခံရမှုဖြစ်စဉ်များနှင့် အကြမ်းဖက်ခံရမှုဖြစ်စဉ်များအား မှတ်တမ်းကောက်ယူစုဆောင်းခြင်း။
- လိင်လုပ်သားအမျိုးသမီးထုအတွင်း အခြေခံလူ့အခွင့်အရေးနှင့် ဥပဒေရေးရာ အသိပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်း။
- လိင်လုပ်သားအမျိုးသမီးများအတွက် ဥပဒေရေးရာ အကူအညီပေးရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း။
- လိင်လုပ်သားအမျိုးသမီးများ လိုအပ်လျက်ရှိသည့် ကျန်းမာရေး၊ လူမှုရေးနှင့် အခြားသော ဝန်ဆောင်မှုများ လက်လှမ်းမှီရရှိစေရေးအတွက် အစိုးရဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့များ၊ ပြည်တွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း။
- လိင်လုပ်သားအမျိုးသမီးများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများရရှိနိုင်စေရန်အတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
- လူထုအတွင်း စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း။ (World AIDS Day/Zero Discrimination Day/Sex Workers Rights Day/International Day To End Violence Against Sex Workers စသည်ဖြင့်)
ကွန်ရက်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့်လိင်လုပ်သားအမျိုးသမီးများအတွက်လုပ်ငန်းစဉ်များ
- စွမ်းရည်မြှင့်တင်ခြင်းအစီအစဉ်ပြုလုပ်ခြင်း
- သတင်းအချက်အလက်များမျှဝေခြင်း
- ကိုယ်စားပြုတင်ပြဆွေးနွေးခြင်း
- အသိပေးတင်ပြဆွေးနွေးခြင်း
- ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်း
စွမ်းရည်မြှင့်တင်ခြင်းအစီအစဉ်တွင် အမျိုးသမီးများကို အသိအမြင်မြှင့်တင် ခြင်းနှင့် ဗဟုသုတတိုးပွား လာ စေရန်အမျိုးမျိုးသောသင်တန်းများကိုပံ့ပိုးပေးပါသည်။ ဥပမာ - လူ့အခွင်အရေးဆိုင်ရာ အသိအမြင် မြှင့်တင်ခြင်း၊ အိတ်အိုင်ဗွီကူးစက်မှုနှင့်ဂျန်ဒါအခြေပြုအကြမ်းဖက်မှုလျှော့ကျရေး အသိပညာမြှင့်တင်ခြင်း၊ ဥပဒေရေးရာအသိပညာများကိုပေးခြင်းဖြင့်ကာကွယ်တက်စေခြင်း၊ လိင်လုပ်သားအမျိုးသမီးများအား ၎င်းတို့၏ကိုယ်ထူ ကိုယ်ထအဖွဲ့များဖွဲ့ရန်နှင့်ခေါင်းဆောင်များဖြစ်လာရန်ခေါင်းဆောင်မှုစွမ်းရည်၊ ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်ဆိုင်ရာ သင်တန်းများပို့ချခြင်းတို့ဖြစ်ပါသည်။
မိတ်ဖက်အဖွဲ့အစည်းများ
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
- ကုလသမဂ္ဂအဖွဲ့အစည်းများ
- အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ
- ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ
- လူထုအခြေပြုအရပ်ဘက် လူမှုအဖွဲ့အစည်းများ
- ပြည်တွင်းရှိ ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းများ
ဆောင်ရွက်လျက်ရှိသော စီမံကိန်းနှင့် စီမံချက်များ
- လူထုအခြေပြု ဥပဒေရေးရာ အကူအညီပေးရေးစီမံကိန်း
- အပြုသဘောဆောင် လူထုတုန့်ပြန်မှုစနစ် ဖော်ဆောင်ရေးဆိုင်ရာ စီမံချက်
- ဥပဒေပြုပြင် ပြောင်းလဲရေးနှင့် မူဝါဒများ ပြင်ဆင်ပြောင်းလဲရေးအတွက် အသိပေးအရေးဆိုခြင်း စီမံချက်
ကျွန်ုပ်တို့သည် နေရာတစ်ခုကို ယူထားသည်ထက်.....
နေရာကို အများအတွက် ဖန်တီးပေးမည့်သူများ ဖြစ်ပါတယ်.....